WIn Bashi International Company Limited သည် NJC International Groupမှ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုဖြစ်ပါသည်။ ၂၀၂၃ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လိုင်စင်နံပါတ်မှာ ၄၃၅ / ၂၀၂၃ ဖြစ်ပါသည်။
Win Bashi International Company Limited သည် ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ အခြားပြည်ပနိုင်ငံများနှင့် ချိတ်ဆက်၍ အလုပ်အကိုင်များ ရှာဖွေပေးနေသော ကုမ္ပဏီ တစ်ခု ဖြစ်ပါသည်။ ယခုအခါ ဂျပန်နိုင်ငံမှ အလုပ်ခေါ်စာများဖြင့် စတင်ဆောင်ရွက် နေလျက်ရှိပြီး နောက်ပိုင်းတွင် ထိုင်းနှင့် အခြားနိုင်ငံများမှ လုပ်ငန်းရှင်များနှင့်လည်း ဆက်သွယ်၍ ဆက်လက်လုပ်ကိုင်သွားရန် ကြိုးပမ်း လျက်ရှိပါသည်။
ဂျပန်ဘက်မှ အလုပ်ခေါ်စာ အနေဖြင့် Specific Skilled Special Worker (Toukutei Ginou), Work Visa , Training Visa စသည့် Visa များဖြင့် အလုပ်ခေါ်စာများ ဝင်ရောက်လာဖို့ ရှိသည့်အပြင် တခြားချိတ်ဆက်ထားသော နိုင်ငံများမှလည်း အလုပ်ခေါ်စာများ ဝင်ရောက်လာဖို့ ရှိပါသည်။
Win Bashi International Co.Ltd အနေဖြင့် သင်တန်းကျောင်းများစွာနှင့်လည်း ချိတ်ဆက်ထားပါသည်။
Challenge အသစ်တွေကို လိုချင်ပြီး နိုင်ငံခြားတွင် သွားရောက်လုပ်ကိုင်ချင်သူများအနေနှင့် Win Bashi International Co.Ltd ၏ websiteကို လေ့လာ၍ အလုပ်ခေါ်စာများကို စိတ်ဝင်စားလျှင် လာရောက်လျှောက်ထားနိုင်ပါသည်။